Home
မြန်မာသတင်း
ရ​သေ့​တောင်​ ကျောက်​တန်း​ကျေးရွာနှင့် ထီးစွဲကျေးရွာကြား တံတားအနီး ပေါက်​ကွဲမှုဖြစ်
DVB
·
February 3, 2019
49241531_128661061489629_4630365599996837888_n
ရခိုင်ပြည်နယ် ရ​သေ့​တောင်​မြို့နယ်​​ ကျောက်​တန်း​ကျေးရွာနဲ့ ထီးစွဲ​ကျေးရွာကြား တံတား အနီး ဒီနေ့မနက်​ ၁၀ နာရီ​ကျော်​လောက်က ​ပေါက်​ကွဲမှုတ​ခုဖြစ်​ပွားခဲ့​တယ်လို့ ​ကျောက်​တန်း​ ကျေးရွာသားတွေက ​ပြောပါတယ်​။ “ဗုံး​ပေါက်​တာလား၊ မိုင်းခွဲတာလား အတိအကျ​တော မသိဘူး။ ​ပေါက်​ကွဲသံတခု ​တော့ကြားလိုက်​ပါတယ်။ ​​ကျောက်​တန်း ​ကျေးရွာ နဲ့ ထီးစွဲအကြား တံတားဘက်​က ကြားတာပါ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီနေ့မနက် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတာ အတည်ပြုနေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှတော့ ရေဆိုးချောင်းနဲ့ ထီးစွဲရွာအနီးမှာ အရပ်ဘက် ထရပ်ကားတစီး မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့  တပ်​မ​တော်​သတင်းမှန်ပြန်​ကြား​ရေးအဖွဲ့ တာဝန်​ခံ ဗိုလ်​မှူးချုပ်​​ဇော်​မင်းထွန်းက အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ​ကျောက်​တန်း၊ ရေပုတ်၊ ​ကျောက်​ရန်ကျေးရွာ ထီးစွဲ​ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတာ မရှိဘူးလို့ ဗိုလ်​မှူးချုပ်​​ဇော်​မင်းထွန်းက ပြောပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024