Home
ရုပျသံ
ပေါက်​မြို့နယ်​တွင် တရားမဝင်​ ရေနံတွင်း မီး​လောင်​မှုဖြစ်​ပွား (ရုပ်သံ)
DVB
·
February 3, 2019
51426756_1998187663816018_5523311093499297792_n
မ​ကွေးတိုင်း​ဒေသကြီး ​ရေခါး​ရေနံ​မှော်​မှာ ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့ညက ​ရေနံတူးက ​ရောင်းစက်​ ဂ​ဟေ​ဆော်​ရာမှ ​ရေနံတွင်းတတွင်း မီး​လောင်​မှုဖြစ်​ပွားခဲ့​တယ်လို့ လက်​ပံတို ရဲကင်းစခန်းက ပြောပါတယ်။ လက်​ပံတို ရဲကင်းစခန်းမှူး ဒုရဲအုပ်​ ​အောင်​မိုးက "သရက်​ကန်​​ကျေးရွာအုပ်​စု ​ရေခါး​ကျေးရွာနဲ့ ၂ မိုင်​​လောက်​အကွာရှိ ကိုစိုးလွင်​ ပိုင်​ဆိုင်​တဲ့ ယာ​မြေအတွင်းမှာ တရားမဝင်​ ​ရေနံတူး​ဖော်​ လုပ်​ကိုင်​​နေတဲ့ မြိုင်​မြို့နယ်​ ဆူးဝင်း​ကျေးရွာက ​ကိုနိုင်​လင်းရဲ့ ​ရေနံကျင်း မီး​လောင်​ကျွမ်းခဲ့တာပါ။” လို့ ပြောပါတယ်။ မြိုင်​မြို့နယ်​ ဆူးဝင်း​ကျေးရွာ​နေ ကိုမျိုးဝင်းက “တရားမဝင်​ ​ရေနံတူး​ဖော်​​ရန်​ပြင်​ဆင်​​နေတဲ့ ​ရေနံတူးက​ရောင်းစက်​ ဂ​ဟေ​ဆော်​ရာမှ ​တောင်​ဘက်​ ​ပေ ၆၀ ​လောက်​အကွာမှာရှိတဲ့ ကိုနိုင်​လင်း ရဲ့ ​ရေနံကျင်းကို မီးကူးစက်​​လောင်​ကျွမ်းခဲ့တာပါ။ မီး​လောင်​ကျွမ်းမှု​ကြောင့် မြင်း​ကောင်​​ရေ ၂၅ ​ကောင်​ ဂျင်​​ဒေါင်း အင်​ဂျင်​စက်​ ၁ ​လုံး၊ ​ရေနံစိမ်း ဂါလန် ၈၀၀ မီး​လောင်​ဆုံးရှုံးခဲ့တယ်​”လို့ ​ပြောပါတယ်​။ မီး​လောင်​ကျွမ်းရာ​နေရာကို ​ပေါက်​မြို့နယ်​နဲ့မြိုင်​မြို့နယ်​တို့မှ မီးသတ်​ယာဉ်​ ၁၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ကြပြီး ​ဖေ​ဖော်​ဝါရီ ၃ ရက်​​နေ့ မနက်​ ၅ နာရီ ၄၅ မိနစ်​မှာ မီးငြိမ်းခဲ့​ကြောင်း ပခုက္ကူခရိုင်​ မီးသတ်​ဦးစီးဌာနမှ သိရပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ​ရေပြာနယ်​​မြေရဲစခန်းမှာ မျိုးဝင်းကို မီး​ပေါ့ဆစွာသုံးစွဲမှု ရာဇသတ်​ကြီး ပုဒ်မ-၂၈၅၊ နိုင်​လင်းအား တရားမဝင်​​ရေနံတူး​ဖော်​တဲ့အတွက်​ ​ရေနံနှင့် ရေနံထွက်​ပစ္စည်းဆိုင်​ရာ ဥပ​ဒေပုဒ်မ - ၃၇ နဲ့ အ​ရေးယူ​ဆောင်​ရွက်​ထားတယ်​လို့ သိရပါတယ်​။ အဆိုပါ ​ရေခါး​ရေနံ​မှော်​မှာ ပြီးခဲ့တဲ ဇန်​နဝါရီလအတွင်းကလည်း ​ရေနံတွင်းတ​တွင်း ဇန်​နဝါရီ ၂ ရက်​​နေ့က​နေ ၄ ရက်​​နေ့ထိ မီး​လောင်းကျွမ်းခဲ့တယ်​လို့ သိရပါတယ်​။ သတင်းဓာတ်ပုံ - မင်းထီး ရုပ်သံ - ကျော်သက်ထွေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024