ထိုင်းအမျိုးသမီး ၁ ဦး နှင့် မြန်မာ ၁ ဦးထံမှ စိတ်ကြွဆေး ၂ သိန်းခွဲခန့် ဖမ်းမိ
နန်းမြနဒီ
·
February 1, 2019
ထိုင်းနိုင်ငံ အနောက်ပိုင်း ရာ့ခ်ျပူရီမြို့နယ်ထဲမှာ အထူးလမ်းတံတားဌာန၀န်ထမ်းဖြစ်သူ ထိုင်းအမျိုးသမီးတဦးနဲ့ မြန်မာအလုပ်သမားတဦးထံက စိတ်ကြွဆေးပြား အလုံးရေ ၂ သိန်း ၄ သောင်း ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အထူးလမ်းတံတားဌာန ၀န်ထမ်းတဦးဖြစ်တဲ့ နန်းဖတ်ဆ၀မ် ဆီအွန် (အသက် ၅၈နှစ်) နဲ့ မြန်မာအလုပ်သမား အောင်မျိုးဝင်း ( ၂၈ နှစ်) တို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိကြောင်း သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက နောက်ယောင်ခံ လိုက်လံစောင့်ကြည့်နေခဲ့တာပါ။
ဇန်န၀ါရီ ၂၉ ရက် မနက် ၅ နာရီလောက်မှာတော့ ရာ့ခ်ျပူရီမြို့ နာ့မိုင်းရပ်ကွက် ပါဆိုင်ဖွန်လ မ်းထဲရှိ အငှားနေအိမ်တလုံးမှာ အဆိုပါစိတ်ကြွဆေးတွေကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ရာ့ ခ်ျပူရီ ခရိုင်ရဲစခန်း ရဲမှူးကြီး အနုဖပ်ဆီနွန်းက ဇန်န၀ါရီ ၃၀ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
နန်းဖတ်ဆအွန်က သူတို့ဟာ အဲဒီမူးယစ်ဆေးဝါးတွေကို ထိုင်းတောင်ပိုင်းနခွန်းဆီ ထမ ရတ်ခရိုင်ကို ပို့ပေးဖို့အတွက် နိုင်းဆေ ဆိုသူ ထိုင်းအမျိုးသားက သယ်ဆောင်ခိုင်းတာဖြစ်ကြောင်း၊ တကြိမ်သယ်ဆောင်လျှင် ဘတ် ၁ သိန်းရရှိပြီး အခုလိုသယ်ဆောင်လာတာ ဒီတစ်ကြိမ်ပါဆိုရင် ၃ ကြိမ် ရှိသွားပြီလို့ ၀န်ခံသွားပါတယ်။
သူမဟာ နိုင်းဆေနဲ့ ဆက်သွယ်သူဖြစ်ပြီး မြန်မာလုပ်သား အောင်မျိုးဝင်းကတော့ အထုတ်တွေကို သယ်မပေးတဲ့သူလို့ ဆိုပါတယ်။
ရာ့ခ်ျပူရီခရိုင်ရဲမှူးကြီးက သူတို့ဟာ ဒီမတိုင်ခင်ကလည်း ထိုင်းမြောက်ပိုင်းမှာ နေထိုင်သူ နိုင်းဆေ ဆိုသူထံမှ မူးယစ်ဆေးဝါးတွေကို ချွန်းပူးရီးမှတဆင့် နွန်ထပူရီကို ၃ ကြိမ်တိုင် ပို့ဆောင်ပေးခဲ့ဖူးကြောင်း၊ ဒါကြောင့် နိုင်းဆေကိုပါ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်း ဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။
နန်းဖတ်ဆ၀မ် နဲ့ အောင်မျိုးဝင်းတို့ ၂ ဦးကိုတော့ မူးယစ်ဆေး ၀ါးသယ်ဆောင်မှု၊ လက်ဝယ်ထားရှိမှုတွေနဲ့ အရေးယူသွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။