Home
သတင်းဓာတ်ပုံ
တခါကစည်ကားခဲ့ပေမယ့် ခုတော့ လူသူကင်းမဲ့နေတဲ့ မအူပင်မြို့ရဲ့ သင်္ဘာဆိပ်မြင်ကွင်း (ဓာတ်ပုံ)
ပီတာအောင်
·
January 16, 2019
010
009
008
007
006
005
004
003
002
001
ဧရာဝတီတိုင်းဒေသကြီး၊ တိုးမြစ်ကမ်းနံဘေးမှာရှိတဲ့ မအူပင်မြို့ရဲ့ သင်္ဘောဆိပ်လေးဟာ ဟိုးအရင် ဆယ်စုနှစ်တွေတုန်းကတော့ ခရီးသွားလာသူတွေ၊ ကုန်စည်သယ်ယူပို့ဆောင်သူတွေနဲ့ အမြဲသက်ဝင်လှုပ်ရှား စည်ကားလို့နေတဲ့ အရေးပါလှတဲ့ ဆိပ်ကမ်းတခုပါ။ ဒီကနေ့ခေတ် အချိန်မှာတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအနှံ့ ကားလမ်းခရီးကို အဓိက အားထားသွားလာနိုင်နေပြီဖြစ်လို့ သင်္ဘောနဲ့ ခရီးသွားလာသူတွေ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပါတယ်။ သင်္ဘောဆိပ်ကို အသုံးပြုသူ သိပ်မရှိတော့သလို ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မယ့်သူလည်း မရှိလို့ မအူပင်သင်္ဘောဆိပ်ဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလို့လာနေတာ မြင်တွေ့ရပါတယ်။ ဓာတ်ပုံ - ပီတာအောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024