‘စိန်ခေါ်မှုများနဲ့စစ်ခင်းသူ အခြားဆောင်းပါများ’ စာအုပ်မိတ်ဆက်ပွဲ
DVB
·
January 13, 2019
ဆရာဇင်လင်းရဲ့ ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်များရဲ့အကြောင်းကို သမိုင်းအထောက်ထားတွေနဲ့ ပြုစုကာ ရေးသားထားတဲ့ ‘စိန်ခေါ်မှုများနဲ့စစ်ခင်းသူ အခြားဆောင်းပါများ’ စာအုပ်မိတ်ဆက်ပွဲကို မြန်မာဘုတ်ပလာဇာမှာ မနေ့က ကျင်းပခဲ့ပါတယ်။
စာအုပ်မိတ်ဆက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြန်ကြားရေးတာဝန်ခံမုံရွှာ ဆရာအောင်ရှင်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်းစီ ဒုဥက္ကဋ္ဌ (၂) ဆရာထက်မြက်၊ စာပေအသိုင်းအဝိုင်း၊ မီဒီယာအသိုင်းအဝိုင်း၊ ၇၄/၇၅ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ စာပေမြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။
စာအုပ်ကို ဆိပ်ကမ်းသာစာပေ ဆိုင်အမှတ် ၁၃ ပလာဇာဈေးသစ် ၃၈ လမ်းနဲ့ ဆိပ်ကမ်းသာ လမ်းကြားမှ ဖြန့်ချိမှာဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲမှာ ဆရာဇင်လင်းက ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်းသားကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံကို အလှူငွေ ကျပ် ၁ သိန်းနဲ့
စာအုပ် ၅၀ လှူဒါန်းခဲ့ပါတယ်။
သတင်းဓာတ်ပုံ-လွင်မှိုင်း