ရန်ကုန်မြို့ အမှတ်သေင်္ကေတအဖြစ် ပစ်တိုင်းထောင်အရုပ် နေရာအနှံ့ ထားရှိမည်
သူဇာလင်း
·
January 12, 2019
ရန်ကုန်မြို့ရဲ့ အမှတ်သင်္ကေတအဖြစ် ပစ်တိုင်းထောင်အရုပ်တွေကို ရန်ကုန်ရဲ့ နေရာအနှံ့အပြားမှာ ထားရှိသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့က ကျင်းပတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားပြပွဲမှာ ပြောခဲ့တာပါ။
ရန်ကုန်မြို့ကို လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ ပစ်တိုင်းထောင်အရုပ်ကို ရန်ကုန်မြို့ရဲ့ အမှတ်တရပစ္စည်းအဖြစ်လည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
ပစ်တိုင်းထောင်အရုပ်တွေကိုတော့ ရန်ကုန်တိုင်းအစိုးရုံး၊ မြို့တော်ခန်းမရှေ့နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ထားရှိဖို့ လတ်တလောမှာ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့က မြန်မာနိုင်ငံရဲ့ နှလုံးသား (Heart of Myanmar) သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
သူဇာလင်း