Home
မြန်မာသတင်း
မိုင်းတုံတွင် ပိုင်ရှင်မဲ့ တရားမ၀င်သစ်တင် ကား ၂ စီး ဖမ်းမိ
DVB
·
January 12, 2019
wood
မိုင်းတုံမြို့နယ်​မှာ ​တရားမဝင်​သစ်​တွေ တင်​​ဆောင်​လာတဲ့ တုန်​ဖုန်းတရုတ်​ကားနှစ်​စီးနဲ့အတူ ပိ​တောက်​ခွဲသား ၁၄ တန်​လောက်ကို ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဇန်​နဝါရီ ၁၁ ရက်​မနက်က ရှမ်းပြည်​နယ် ​အ​ရှေ့ပိုင်း မိုင်းဆတ်​ခရိုင်​ မိုင်းတုံမြို့နယ်​ မိုင်းတုံကနေ မိုင်းဆတ်​သွားကားလမ်း ၁၇ မိုင်​လောက်မှာ  ဖမ်းဆီးမိခဲ့တာလို့ မိုင်းတုံမြို့နယ်​ သစ်​​တောဦးစီးဌာန ဦးစီးအရာရှိ ဦးဖိုးချိုက​ ပြောပါတယ်​။ "မနက်​​ခြောက်နာရီ​လောက်​မှာ သစ်​တင်​ယာဉ်​နှစ်​စီး ၁၇ မိုင်​မှာ ဘီး​ပေါက်​ပြီး ရပ်​တန့်​​နေ​ကြောင်း ပြည်​နယ်​ဝန်​ကြီးဆီကို ​ဒေသခံတ​​ယောက်​က သတင်း​ပေး​ အကြောင်းကြားတာ။ သိသိချင်း မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့နဲ့ ပူး​ပေါင်းပြီး သွား​ရောက်​ဖမ်းဆီးခဲ့တာပါ။ ကျနော်​တို့​ရောက်​တဲ့အချိန် ​တုန်ဖုန်းအနီ​ရောင်​ဆယ်​ဘီးယာဉ်​နှစ်​စီး ဘီး​ပေါက်​လျှက်​အ​နေအထားနဲ့ ရပ်​ထားတာကို​တွေ့ရှိပြီး ယာဉ်​​မောင်းသူ​တွေနဲ့ ကား​သော့​တွေ မ​တွေ့ရှိပါဘူး။ ​လော​လောဆယ် ​ယာဉ်​နှစ်​စီးကို မိုင်းတုံသစ်​​တောအ​နေနဲ့ ဖမ်းဆီးပြီး သယ်​ယူဖို့​ ဆောင်​ရွက်​​နေဆဲပါ။ ယာဉ်​တစီးကို ခန့်​မှန်း​ခြေ သစ်​ ၇ တန်​​လောက်​​တော့ ရှိပါတယ်​။ အ​သေးစိတ်​တိုင်းတာမှု​တော့ မလုပ်​နိုင်​​သေးပါဘူး။" မိုင်းတုံမြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင် ​ဒုရဲအုပ်​​ကျော်​မင်းခိုင်​က "အခု​လော​လောဆယ်​ သစ်​​တွေ အ​သေးစိတ်​မတိုင်းတာရ​သေးလို့ အမှုမဖွင့်ရ​သေးပါဘူး။ မိုင်းတုံကို သယ်​ယူတိုင်းတာပြီးမှ သစ်​​တောဥပ​ဒေအရ ဆက်​လက်​​ဆောင်​ရွက်​သွားနိုင်​မှာပါ။ ယာဉ်​​မောင်းနဲ့ သယ်​​ဆောင်​သူ​တွေကို စုံစမ်း​​ဖော်​ထုတ်​​နေဆဲပါ" လို့ ပြောပါတယ်။ မိုင်းတုံမြို့နယ်​အတွင်း တရားမဝင်​သစ်​ထုတ်​လုပ် ​သယ်​​ဆောင်​မှုတွေ မရှိ​စေဖို့ ပြည်​သူသတင်း​ပေးစနစ်​ ကျင့်သုံး​ဆောင်​ရွက်​​နေ​ပေမယ့် ​လက်​နက်​ကိုင်​အဖွဲ့ အစည်းတွေ​ကြောင့် ထိ​ရောက်​တဲ့ သတင်း​ပေးနိုင်​မှု မရှိသလောက် ဖြစ်​​နေတယ်လို့ သိရပါတယ်။ ​အောင်​​ဇေယျ(မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024