ပေါက်ခေါင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
January 11, 2019
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့အနီးမှာ အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၅ မိနစ်၊ ၄၄ စက္ကန့်အချိန် တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ ပေါက်ခေါင်းမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။