Homeမြန်မာသတင်း
နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်သည့် အခမ်းအနား ပြုလုပ်
နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်သည့် အခမ်းအနား ပြုလုပ်
DVB
·
January 6, 2019
နံ့သာကျွန်းနဲ့ မေယုမြစ်ဝအား ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်တဲ့ အခမ်းအနားကို ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှာ ဇန်န၀ါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း (BANCA) နဲ့ ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA) တို့ ပူးပေါင်းပြုလုပ်တာပါ။
မြန်မာနိုင်ငံဟာ ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေ အရှေ့အာရှနှင့်သြစတြေးလျ ငှက်များ ပျံသန်းလမ်းကြောင်းမိတ်ဖက်အဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ခဲ့ပြီး မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးကန်၊ မုတ္တမပင်လယ်ကွေ့တို့ကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနဲ့ မေယုမြစ်ဝအား ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ထပ်မံသတ်မှတ်ခဲ့ပါတယ်။