ချင်းပြည်နယ် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲ ကျင်းပ
DVB
·
January 6, 2019
Miss Tonzang အလှမယ်ပြိုင်ပွဲကို အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ချင်းပြည်နယ် တွန်းဇံမြို့မှာ ဇန်နဝါရီ ၅ ရက်နေ့ညက ကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲကို ချင်းပြည်နယ် တွန်းဇံနယ် မဲဆန္ဒနယ် အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျင်ငိုက်မန်နဲ့ Miss Universe Myanmar မိုးစက်ဝိုင်တို့ ကမကထပြု ကျင်းပတာဖြစ်ပြီး ချင်းတိုင်းရင်းသူအမျိုးသမီးငယ် ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ ဆုရှင် ၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ခါးနံပါတ် ၆ မကျိန်ငိုက်ဟောက်က Miss Tonzang စလွယ် သရဖူနဲ့ ပထမဆု winner tonzang ၁၀ သိန်းကျပ်ဆု ဆွတ်ခူးရရှိခဲ့ပြီး ခါးနံပါတ် ၄ မကျိန်နိတ်စန်က First winner ဆု ၇ သိန်းကျပ်နဲ့ ခါးနံပါတ် ၁၁ မညောင်လွမ်းလွန်းက တတိယဆု ၅ သိန်းကျပ်ကို ဆွတ်ခူးရရှိသွားပါတယ်။
Miss Tonzang အလှမယ်ပြိုင်ပွဲဟာ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပတဲ့ ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသမီးတွေကနေတဆင့် အမျိုးသမီးကဏ္ဍတွေကို ချိတ်ဆက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။
မင်းရဲစစ်နိုင်