Home
အနုပညာ
သုသုမငိုအောင်လုပ်ခြင်းအမှတ်တရ-ပိုင်ဖြိုးသုအတွက် ညီမဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာဘွဲ့စကား (ရုပ်သံ)
DVB
·
January 2, 2019
49690905_10210335871072659_3525875984865689600_n
49690905_10210335871072659_3525875984865689600_n
သရုပ်ဆောင်အကယ်ဒမီ မင်းသမီး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပါတယ်။ ဒီအခမ်းအနားကို ရုပ်ရှင်အနုပညာလောကမှ အနုပညာရှင်တွေ တက်ရောက်ချီးမြှင့်ခဲ့ကြ တာဖြစ်ပြီး ပိုင်ဖြိုးသုရဲ့ ညီမဖြစ်သူက အမှတ်တရစကား ပြောပေးခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှ တဆင့် သုသုမငိုအောင်လုပ်ခြင်းအမှတ်တရလို့ အညွှန်းတပ်ပြီး မျှဝေထားခဲ့တာပါ။ အစ်မဖြစ်သူနဲ့ ဒါရိုက်တာ ဏကြီးတို့ တွေ့ဆုံစက အမှတ်တရတွေ၊ ညီအစ်မ ၂ ဦးကြား သံယောဇဉ်တွေကို အတိုင်းသားမြင်တွေ့ရမယ့် သူ့ရဲ့ အမှတ်တရ စကားသံတွေကို ဒီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပရိသတ်တွေ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့အတူ သူတို့ ညီအစ်မ ၂ ဦးနဲ့ မိသားစုအမှတ်တရ ပုံရိပ်တွေကို အမှတ်တရ ဖန်တီးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုပါ တွဲဖက်မျှဝေထားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024