သံမဏိနှင်းဆီအယ်ဒီတာ အသတ်ခံရမှု ပြစ်မှုကျူးလွန်သူများကို အပြီးသတ်အမိန့်ချ
သူဇာလင်း
·
December 27, 2018
သံမဏိနှင်းဆီအယ်ဒီတာ ဝေယံဟိန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဒီဇင်ဘာ ၂၇ ရက်က အရှေ့ပိုင်းခရိုင် တရားရုံးက အပြီးသတ် အမိန့်ချခဲ့ပါတယ်။
အောင်ကိုကို ကို ထောင်ဒဏ် အနှစ် ၂၀၊ ပြည့်သူနိုင်ကို အနှစ် ၂၀ နဲ့ မအယ်နီကို အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အမှုမှာ တရားလိုပြသက်သေ ၁၀ ဦးနဲ့ တရားခံပြသက်သေ ၇ ဦးကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
အယ်ဒီတာ ဝေယံဟိန်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းမှာ ထိုင်းသွင်းဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။
ကိုဝေယံဟိန်း အသတ်ခံရမှုနဲ့ပတ်သက်လို့ အောင်ကိုကို ကို အမြင့်ဆုံး သေဒဏ်အထိချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂(၂)(ခ)၊ ပြည့်သူနိုင်ကို အမြင့်ဆုံးသေဒဏ်ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂(၂)၁၁၄၊ အယ်နီ(ခ)ရိုစီကို ဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂ တို့နဲ့ အသီးသီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။