သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား စတင်တည်ဆောက်
DVB
·
December 17, 2018
မကွေးတိုင်းဒေသကြီး၊ သရက်မြို့မှာ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတားကို ဒီဇင်ဘာ ၁၇ ရက်က စတင်ဆောက်လုပ်နေပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်တို့ တက်ရောက်ကာ ပန္နက်ရိုက်ကာ ပထမဆုံးတံတားတိုင် အမှတ် T-1 ကို စိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။
“ကျောက်ဖြူ-နေပြည်တော်နဲ့ တရုတ်ပြည်နယ်စပ် မူဆယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ လမ်းပေါက်ပြီး ကျောက်ဖြူစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ကို အဓိကရည်ရွယ်ပြီး တံတားဆောက်လုပ်တာပါ” လို့ တံတားအထူး အဖွဲ့ ၃ က ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းလင်းက ပြောပါတယ်။
တံတားအရှည် ၇၄၅၆ ပေရှိပြီး နိုင်ငံတော်က ကျပ် ၇၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်မှာလည်း ဖြစ်ပါတယ်။
သရက်မြို့ဟာ ဧရာဝတီမြစ် အနောက်ဖက်ကမ်းမှာ တည်ရှိနေတာကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့တဲ့ဒေသဖြစ်ပါတယ်။
တံတားကြီးတည်ဆောက်ပြီးစီးပါက သရက်-အောင်လံ လမ်းပန်းဆက်သွယ်ရေး လွယ်ကူပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာမယ်လို့ ဒေသခံ ရပ်မိရပ်ဖတဦးက ပြောပါတယ်။