Home
မြန်မာသတင်း
၁ သောင်းတန်ငွေစက္ကူအတု ကိုင်ဆောင်မှုဖြင့် တရားစွဲခံရသူ စင်ကာပူနိုင်ငံသူကို အာမခံပေး
DVB
·
December 15, 2018
money
နိုဝင်ဘာလ ၂၈ ရက်နေ့က ၁ သောင်းတန်ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ စင်ကာပူနိုင်ငံသား ၂ ဦးထဲက အမျိုးသမီး Miss Kantika ရဲ့ အာမခံလျှောက်ထားမှုကို အနောက်ပိုင်းခရိုင်တရားက ငွေကျပ်သိန်း ၁၀၀ နဲ့ ဒီဇင်ဘာလ ၁၄ ရက်နေရုံးချိန်းမှာ အာမခံပေးလိုက်ပါတယ်။ ငွေစက္ကူအတုကိုင်ဆောင်မှု ပုဒ်မ ၁၀၅၊ ၁၀၆ နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး စင်ပူနိုင်ငံသားအမျိုးသားရဲ့ အာမခံလျှောက်ထားမှုကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။ ပုဒ်မ ၁၀၅၊ ၁၀၆ ဟာ အာမခံ မပေးနိုင်တဲ့အမှု ဖြစ်ပေမယ့် တရားစွဆိုခံထားရသူ အမျိုးသမီးဟာ ကျန်းမာရေးအခြေနေကြောင့်နဲ့ သက်သေ ၁၃ ဦး စစ်ဆေးပြီးချိန်ဖြစ်တာကြောင့် အာမခံပေးဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၈ ရက်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ၁ သောင်းတန်ငွေစက္ကူအတု ၄၅ ရွက်ကိုင်ဆောင်မှုနဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဂုံမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့တာပါ။ ပုဒ်မ ၁၀၅ ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၆ ကတော့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ပြစ်မှု ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024