မောင်တောတွင် NRC က ပြုလုပ်နေသည့်လမ်းကို အမေရိကန်သံရုံး ဒုအတွင်းဝန် လေ့လာ
DVB
·
December 14, 2018
ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ဒုအတွင်းဝန်နဲ့ အမေရိကန်နိုင်ငံမှ အလှူရှင် ၂ ဦးတို့ ပါဝင်တဲ့အဖွဲ့ဟာ မောင်တောဒေသမှာ NRC က ပြုလုပ်နေတဲ့ လမ်းတွေကို ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။
ဒုအတွင်းဝန် Ms Suzane Truchard နဲ့ အလှူရှင် ၂ ဦးတို့အဖွဲ့ဟာ NRC က မောင်တောမြို့နယ် အမှတ် ၅ ရပ်ကွက် ရွာသစ်ကေရပ်ကွက်နဲ့ ၄ မိုင်ရပ်ကွက်တွေမှာ လူသွားလမ်း ပြုလုပ်နေတာကို ဒီဇင်ဘာ ၁၂ ရက်နေ့က လိုက်လံကြည့်ရှုခဲ့ကြတာပါ။
NRC (The Norwegian Refugee Councial) အဖွဲ့ဟာ လူသားချင်းစာနာထောက်ထားရေး Camp Management နဲ့ ရေကောင်းရေသန့်ရရှိရေး ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ရုံးတွေဖွင့်လှစ်ပြီး လုပ်ဆောင်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
ဗညား