အမာမြို့က မူလတန်းကျောင်း စာသင်ကြားနေစဉ် ပြိုကျ
DVB
·
December 12, 2018
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့က ယာယီမူလတန်းကျောင်းတကျောင်း စာသင်နေတုန်း ပြိုကျခဲ့ပါတယ်။
လေးပင်ချောင်းရွာက ဝါးတိုင်၊ ဓနိမိုး၊ ဓနိကာ မြေစိုက်ကျောင်းဟာ အောက်ခြေတိုင်တွေ ဆွေးပြီး မနေ့မွန်းလွဲပိုင်းက ပြိုကျခဲ့ပါတယ်။
ပြိုကျချိန်မှာ တတိယတန်းနဲ့ စတုတ္ထတန်း ကျောင်းသားတွေ စာသင်နေကြပေမယ့် ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
ဒီကျောင်းဟာ ၂၀၁၆ ခုနှစ်က ကျောင်းဆောင်လိုအပ်လို့ ရွာသားတွေ စုပေါင်းပြီး တည်ဆောက်ထားတာပါ။
လက်ရှိမှာ အဲဒီက ကျောင်းသားတွေကို ကျောင်းစာကြည့်တိုက်မှာ ပြောင်းသင်ပေးမှာဖြစ်ပြီး ယာယီကျောင်းဆောင်တခုကို ပညာရေးဌာနက ပြန်ဆောက်ပေးမယ်လို့ ဖျာပုံမြို့နယ် ပညာရေးမှူး ဦးတိုးဝင်းက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ကျော်စိုးမိုး