ဦးကိုနီအမှု (၉၃)ကြိမ်ရုံးထုတ်၊ ဇေယျာဖြိုးအတွက် တရားခံပြသက်သေကို စစ်ဆေးမည်
အောင်သူ
·
December 6, 2018
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတာနဲ့ ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ ကိုကြည်လင်း၊ ကိုအောင်ဝင်းဇော်၊ ကိုဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းတို့ကို ဒီနေ့ မနက် ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှာ ၉၃ ကြိမ်မြောက် ရုံးထုတ်ပါတယ်။
အဲဒီရုံးထုတ်မှာ တရားစွဲခံထားရသူတဦးဖြစ်တဲ့ ဇေယျာဖြိုးအတွက် တရားခံပြသက်သေတွေ ကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ဦးကိုနီကို သေနတ်ပစ်သတ်ခဲ့တဲ့ ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၁(ခ) /၃၄ အပြင် တက္ကစီမောင်းသမားနေဝင်းကိုသတ်ခဲ့တဲ့အမှုအတွက် ပုဒ်မ ၃၀၂(၂)၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ထားတာပါ။
အောင်းဝင်းဇော်ကိုတော့ ပုဒ်မ၃၀၂(၁) ခ/၃၄ နဲ့ စွဲချက်တင်စစ်ဆေးနေသလို ဇေယျာဖြိုးကိုလည်း ပုဒ်မ ၃၀၂(၁)ခ /၁၀၉ နဲ့ စွဲချက်တင်ထားပါတယ်။
အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅၀၀နဲ့ အာမခံပေးထားပါတယ်။