သိမ်းဆည်းခံလယ်မြေများ မူလပိုင်ရှင်ထံပြန်အပ်နှံရန် ဒုသမ္မတ ကချင်ပြည်နယ်လာရောက်
DVB
·
December 6, 2018
ကချင်ပြည်နယ်အတွင်း ခရိုင်မြို့ ၄ မြို့ရှိ စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေးဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မြစ်ကြီးနားလေဆိပ်ကို ဒီနေ့ မနက်ပိုင်း ရောက်ရှိလာပါတယ်။
ဒုသမ္မတနဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၆ ရက်က ၇ ရက်အထိ ကချင်ပြည်နယ် မြို့လေးမြို့မှာ စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံမှာ ဖြစ်ပြီး မြစ်ကြီးနားလေဆိပ် ကနေတဆင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်ကို သွားရောက်မှာပါ။
ဒီဇင်ဘာ ၇ ရက်မှာတော့ မြစ်ကြီးနားမြို့ မြိုတော်ခန်းမနဲ့ စုပေါင်းရုံးကို သွားရောက်ပြီး လူထုနဲ့တွေ့ဆုံမယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ရှိ မြို့နယ်တွေမှာ သိမ်းဆည်းခံလယ်ယာမြေကိစ္စ အငြင်းပွားမှုပြဿနာတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိနေတာပါ။