Home
မြန်မာသတင်း
ကျပ်သိန်းထောင်ချီကုန်ကျမည့် မဲဇာချောင်းကူးတံတား ကိုယ်ထူကိုယ်ထ တည်ဆောက်မည်
DVB
·
December 3, 2018
bridge
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်သချေကျေးရွာမှာ ကျပ်သိန်းထောင်ချီ ကုန်ကျမယ့် မဲဇာချောင်းကူးတံတားကို ဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစိန်က “ဒီတံတားကို ၂၀၁၂ခုနှစ် မှာ တည်ဆောက်ခဲ့တယ်။ ၆ နှစ်ကြာပြီးချိန် ဒီကြားထဲမှာ ဒုက္ခတွေ အမျိုးမျိုးကြုံခဲ့တယ် ရေထဲမျှောပါပျက်စီးခဲ့တာတွေ ကြုံခဲ့တယ်။ ရေရှည်တည်တံဖို့ RC ကွန်ကရစ်တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီတံတား ပြီးသွားရင် အနောက်ဘက်က ရွာ ခြောက်ရွာရယ် ဗန်းမောက်မြို့နယ် မဲဇာဒေသရယ် အင်းတော်ဘက် အထိအောင် ရာသီမရွေးသွားလာနိုင်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။ တံတားဖြစ်မြောက်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးကျော်ဆွေက “သစ်သားတံတားကြီးဟာ ခိုင်ခံမှုမရှိတဲ့အတွက် RC ကွန်ကရစ်တံတား တည်ဆောက်မှုကို ဒေသခံတွေနဲ့ ညှိနှိုင်းဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ဒီချောင်းဟာ ပေ ၆၀၀ ကျော်ကျယ်တဲ့အတွက် တခန်းကို ပေ ၆၀ ခန်း ၁၀ ခန်း ခန်းဖွဲ့ယူပြီး ၃၁ ရက် ၁ လ ၂၀၁၉ ခုနှစ်မှာ ပန္နက်တင်အခမ်းအနား ပြုလုပ်သွားမယ်”လို့ဆိုပါတယ်။ တည်ဆောင်မယ့် တံတားဟာ အလျား ပေ ၆၀၀၊ အနံ ၂၇ ပေ၊ လူသွားလမ်းအကျယ် ၁၅ ပေရှိမှာဖြစ်ပြီ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ စတင်တည်ဆောက်နိုင်ဖို့ ဒေသခံတွေက ကြိုးပမ်းနေပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024