Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးအမှု စဉ်းစားပေးရန် သမ္မတထံ တင်ပြ
DVB
·
November 24, 2018
reuter
ရိုက်တာသတင်းထောက် ၂ ယောက်ရဲ့ မိသားစုကို ငဲ့ညာတဲ့အနေနဲ့ သူတို့နှစ်ယောက်အတွက် စဉ်းစားပေးဖို့ သမ္မတဦးဝင်းမြင့်ကို တင်ပြခဲ့တယ်လို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော် သမ္မတ အိမ်တော်မှာ လုပ်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေရဲ့ ကတိသစ္စာပြုတဲ့အခမ်းအနားမှာ မြန်မာသတင်းများကာကွယ်ရေးကော်မတီရဲ့ ဦးဆောင်အဖွဲ့ဝင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အတွင်းအရေးမှူး ၂  ဦးလှိုင်းသစ်ဝေက သမ္မတကို ပြောဆို တင်ပြခဲ့တာလို့ ဆိုထားပါတယ်။ သမ္မတကတော ဥပဒေနဲ့အညီ လုပ်ရကြောင်းနဲ့ ဥပဒေကြောင်းအရ ပြန်လည် ကြည့်ရှုပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အလဲဗင်းမီဒီယာက ပေးစာ ၁ စောင်၊ ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့ ဇနီးတွေကပေးတဲ့ အသနားခံစာ ၁ စောင်၊ ထောင်သွင်းအကျဉ်းကျခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးက ပေးတဲ့ အသနားခံစာ ၁ စောင်၊ စုစုပေါင်း ၃ စောင်ကို သမ္မတဆီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒင်းရွာလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာပါ။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးရဲ့ ထောင်ဒဏ် စီရင်ချက်အမိန့်ကို လက်မခံနိုင်တာကြောင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၄ အရ အယူခံတင်သွင်းခဲ့ပြီး ရန်ကုန်တိုင်း တရားလွှတ်တော်က လက်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024