ပအိုဝ်းရိုးရာ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ တောင်ကြီးတွင်ကျင်းပ
DVB
·
November 22, 2018
ပအိုဝ်းရိုးရာ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မနေ့ညက ကျင်းပရာမှာ ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေ သောင်းနဲ့ချီပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ကဦးဆောင်ပြီး ကျေးရွာအုပ်စု ၂၀ကျော်ရှိ ဒေသခံ ပအိုဝ်းပြည်သူတွေက ဈေးပိုင်းရပ်ကွက်ကနေ စူဠာမုနိဘုရားထိ မီးပဒေသာပင် လှည့်လည်ပူဇော်ခဲ့ကြတာပါ။
မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲကို အရင်က နှစ်စဉ်ပြုလုပ်ခဲ့ပေမယ့် မနှစ်ကတော့ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အလုပ်အမှုဆောင်အပြောင်းအလဲကြောင့် မကျင်းပနိုင်ခဲ့ဘဲ အခုနှစ်ကျမှ ပြန်လည် ကျင်းပတာဖြစ်ပါတယ်။
သတင်း/ ဓာတ်ပုံ - ခွန်ရာဇာ