ဆရာဦးစံဖေကို ဂုဏ်ပြုသည့်အနေဖြင့် တောင်ကြီးတွင် ပန်းချီပြပွဲ ကျင်းပ
DVB
·
November 17, 2018
လူငယ်တွေကို ပန်းချီပန်းပုပညာ လက်ဆင့်ကမ်းပေးတဲ့ ဆရာဦးစံဖေကို ဂုဏ်ပြုတဲ့အနေနဲ့ တောင်ကြီး ပန်းချီပန်းပု အစည်းအရုံးက ဆောင်းအလင်္ကာ ပန်းချီပြပွဲကို တောင်ကြီးမြို့ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်မှာ ပြုလုပ်ပါတယ်။
ဆရာကြီးဦးစံဖေဟာ မြန်မာနိုင်ငံ နေရာအတော်များများက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ထုလုပ်ခဲ့သူဖြစ်ပြီး မျိုးဆက်သစ် လူငယ်တွေကိုလည်း ပန်းချီ၊ ပန်းပု ပညာတွေ လက်ဆင့်ကမ်း ခဲ့သူလည်း ဖြစ်ပါတယ်။
ပန်းချီ ဆရာတယောက်ဖြစ်ဖို့ ဝါသနာအရင်းခံပြီး တော်တော်ရုန်းကန်ရမယ့် အနေအထားရှိပြီး ခုလိုပြပွဲပြုလုပ်ပေးနိုင်မှသာ မျိုးဆက်သစ် လူငယ်ပန်းချီဆရာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ပန်းချီပြပွဲကို တောင်ကြီး တန်ဆောင်တိုင်အတွင်း နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီပန်းချီပြပွဲမှာ ပန်းချီ ဆရာ ၅၀ ကျော်က အလှပန်းချီပုံ၊ နိုင်ငံရေး ခေါင်းဆောင်ပုံ၊ တောတောင် သဘာဝနဲ့ လူနေမှုဓလေ့ ပန်းချီကားပေါင်း ၁၇၇ ပုံကို လာရောက်ပြသခဲ့တာ ဖြစ်ပါတယ်။