Home
မြန်မာသတင်း
စစ်ကိုင်းတွင် မီးဘေးအန္တရာယ်လျော့ချရေး တိုးမြှင့်လုပ်ဆောင်
DVB
·
November 17, 2018
fire
စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ  မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေဖို့အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ၊ စစ်ဆေးမှုတွေကို ပိုမိုလုပ်ဆောင်နေတယ်လို့ တိုင်းမီး သတ်တပ်ဖွဲ့က ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းခရိုင် ၅ ခရိုင်မှာ မွန်းမံသင်တန်းတွေ ပြုလုပ်ပေးနေသလို Map Fighting ခေါ်တဲ့ မြေပုံကြည့်ပြီး မီးငြှိမ်းသတ်တာတွေကိုပါ ထပ်တိုးလေ့ကျင့်နေတယ်လို့ တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းစမ်းအေးက ပြောပါတယ်။ “မီးလောင်မှု လျော့ကျရေး၊ မီးလောင်မှုဖြစ်လာရင်လည်း ဆုံးရှုံးမှု လျော့နည်းစေရေးတွေကို ရည်ရွယ်ပြီးတိုင်းအတွင်းက ခရိုင်၊ မြို့နယ်၊ စခန်းအလိုက် လေ့ကျင့်နေတယ်။ ဒါ့အပြင် ပုံမှန်စစ်ဆေးရေး၊ ပုံမှန်ထက်ပိုတဲ့ စီမံချက်ထက်ပိုတဲ့ စစ်ဆေးရေးတွေလည်း လုပ်နေတယ်။ မြို့တွေမှာဆို ဈေးတွေကိုလည်း လစဉ်လိုအပ်ရင် လိုအပ်သလို မီးဘေးကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်သွားမယ်။ ထူးခြားချက်အနေနဲ့ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွေပါလုပ်ပေးနေတယ်။ နောက်ထပ် တက္ကသိုလ်အခြေပြုတွေလည်းလုပ်ဖို့ ရှိနေတယ်” စစ်ကိုင်းတိုင်းမှာ ခရိုင်မီးသတ်စခန်း ၁၀ခု၊ မြို့နယ်မီးသတ်စခန်း ၃၇ ခုနဲ့ နယ်မြေမီးသတ်စခန်း ၁၀၁ ခုဖွင့်လှစ်ထားပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀၀၀ကျော်နဲ့ မီးဘေးလုံခြုံရေးတွေကို လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အသက်ကယ်ယာဉ် ၄ စီးတို့ကိုလည်း ဖြည့်တင်းပေးဖို့ တိုင်းအစိုးရ ဘက်ဂျက်နဲ့ လုပ်ဆောင်နေပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ မီးဘေးအန္တရာယ်ကို အထူးသတိထားကြဖို့လိုပြီး မီးလောင်မှုအများဆုံးက ပေါ့ဆမီးကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။ ဆောင်းအကုန် နွေအကူးကာလတွေမှာ မီးလောင်မှုပိုမိုအဖြစ်များပြီး မီးလောင်ရင် မီးသတ်ကားတွေ သွားလာတဲ့နေရာမှာ အခက်အခဲမရှိအောင်၊ မီးငြှိမ်းသတ်ရေးမှာ နှောင့်နှေးကြန့်ကြာမှု မရှိအောင် ဆိုင်ကယ် စီးနင်းသူတွေအနေနဲ့ လမ်းဘေးချစီးနင်းပေးရင်းနဲ့ ကူညီကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မီးလောင်မှု ဖြစ်လာတိုင်း မီးသတ်တပ်ဖွဲ့ဝင်တွေထက် ဘေးက ဝိုင်းကြည့်နေသူတွေက များတဲ့အတွက် တချို့နေရာမှာ မီးငြှိမ်းသတ်ရေးမှာ အနှောင့်အယှက်တွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၀၁၇-၁၈ ခုနှစ်အတွင်း မီးလောင်မှု ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၁၇၃၉ ဒသမ ၅၃၆ သန်းကျော် ဆုံးရှုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013