Home
မြန်မာသတင်း
ကျောက်တန်းမြို့နယ်ကို ဘင်္ဂါလီ ၁၀၆ ဦး စက်လှေဖြင့် တရားမဝင် ဝင်ရောက်
နော်နိုရင်း
·
November 16, 2018
bgl
46447639_1182403945252070_667347577456295936_n
46328531_1182401365252328_4058873085472800768_n
46303949_1182401335252331_5756753488138731520_n
46287176_1182401308585667_1832805082282852352_n
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်​တန်းမြို့နယ်​၊ သံတဲ​ကျေးရွာမှာ ဒီကနေ့မနက် ၅ နာရီကျော်လောက်က တရားမဝင် ဘင်္ဂါလီ ၁၀၆ ဦးကို တင်​​ဆောင်​လာ​တဲ့ စက်​​လှေတစီး ဖမ်းဆီးရမိတယ်လို့ ကျောက်တန်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောပါတယ်။ “အားလုံး ၁၀၆ ယောက်၊ အဲဒီထဲမှာ ဘင်္ဂါလီ အမျိုးသမီးရော၊ ကလေးတွေရော ပါတယ်။  အမျိုးသားတွေရော၊ အခုတော့ သူတို့ကို သံတဲပင်လယ်ကမ်းခြေက ဆိုင်ကလုန်းမုန်တိုင်းဘေး ခိုလှုံရာနေရာမှာ ခဏထိန်းသိမ်းထားတယ်။ အကြမ်းအားဖြင့် သိရတဲ့ အနေအထားက သူတို့ ပင်လယ်ထဲမှာ ၂၅ ရက်လောက် ကြာပြီပေါ့နော်။ သူတို့ ဆီပြတ်သွားတာ။ ပြတ်သွားပြီးတော့ ဒီကမ်းဘက်ကို ထိုးတက်လာတာ။” အဲဒီစက်လှေထဲမှာ အမျိုးသား အယောက် ၅၀၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး စုစု​ပေါင်း ၁၀၆ ဦး  ဖြစ်ကြောင်း သိရပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေဟာ ဘယ်နေရာကနေ ထွက်ခွာလာပြီး ဘယ်ကိုသွားမယ်ဆိုတဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လတ်တလောမှာတော့ မသိရသေးဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စိစစ်နေဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - Aye Mya Mya Myo
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024