ရန်ကုန်လေဆိပ်တွင် ၅ သန်းမြောက် ခရီးသည် ကြိုဆိုပွဲကျင်းပ
သူဇာလင်း
·
November 16, 2018
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ ၅ သန်းမြောက် ခရီးသည် ကြိုဆိုပွဲကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပပါတယ်။
အယောက် ၅ သန်းမြောက် ခရီးသည်ကတော့ ဂျပန်နိုင်ငံကနေ လာရောက်တဲ့ ခရီးသည်ဖြစ်ပြီး ဂျပန်လေကြောင်းလိုင်း Air Nippon Airways (ANA) ကို စီးနင်းလာတာ ဖြစ်ပါတယ်။
ကံထူးရှင် ဂျပန်ခရီးသွားဧည်သည့်ဟာ သီလဝါစက်မှုဇုန်ကို စီးပွားရေးကိစ္စနဲ့ လာရောက်သူဖြစ်ပြီး သူ့ကို ငွေကျပ် ၁၀ သိန်းနဲ့ ၁၀ သိန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေ ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကုန်အထိ ရန်ကုန်လေဆိပ်ကို ခရီးသည်ပေါင်း ၆ သန်း ဝင်ရောက်လာဖို့ မျှော်မှန်းထားပြီး မြန်မာပြည်ကို ပြည်ပခရီးသွား တိုးမြင့်လာဖို့အတွက်လည်း ရန်ကုန်လေဆိပ်ရဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး လေကြောင်းလိုင်းတွေ တိုးမြှင့်ပြေးဆွဲသွားမယ်လို့ Yangon Aerodrone ကုမ္ပဏီက ပြောပါတယ်။