သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ မန္တလေးတွင် ပြုလုပ်
DVB
·
November 11, 2018
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) က တတိယအကြိမ်မြောက် သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ၇၁ လမ်း ၂၈ လမ်း ရွှေခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အသက် ၈၀ နဲ့အထက် သတင်းစာဆရာ/ဆရာမကြီးတွေကို ကန်တော့ခံပစ္စည်းတွေနဲ့အတူ ကန်တော့ခဲ့ကြပါတယ်။
ပူဇော်ကန်တော့တဲ့ပွဲကို ကန်တော့ခံ သတင်းစာဆရာ/ဆရာမ ၁၀ ဦးထဲက ၈ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း မန္တလေးတိုင်းဒေသကြီး အမှုဆောင်တွေနဲ့အတူ အသင်းဝင်တွေ၊ အခြား သတင်းမီဒီယာတွေက တက်ရောက် ကန်တော့ခဲ့ကြပါတယ်။
သတင်းဆရာတွေအနေနဲ့ အရောင်အသွေးမခွဲခြားဘဲ အမှန်တရားကို လက်ကိုင်ထားရေးသားကြဖို့ စာရေးဆရာကြီးဦးညီပု (မျိုးညီညီမော်)က သြဝါဒပေးဆုံးမသွားခဲ့ပါတယ်။
သတင်းမီဒီတွေအနေနဲ့ မှန်တာကို ရေးသားတင်ပြနိုင်ဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ လိုတယ်လို့ သတင်းစာဆရာကြီး ရွှေရိုး (မန္တလေး) က သြဝါဒပေးခဲ့ပါတယ်။