ကန်ပက်လက်မြို့က ပါးရဲထိုးထားသည့် အမေအိုအလှ (ဓာတ်ပုံ)
DVB
·
November 5, 2018
ပါးရဲထိုးတဲ့ အသက် ၅၀ ကျော်အရွယ် ချင်းတိုင်းရင်းသူ အမျိုးသမီးကြီးတွေကို ဒီနေ့အချိန်ထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ကျေးလက်ဒေသတွေမှာ ရှားရှားပါးပါးတွေ့မြင်နိုင်ပါတယ်။
ချင်းလူမျိုးတွေအကြေားမှာ ဟိုးအရင်ကတော့ ပါးရဲထိုးမှ လှပတယ်လို့ ခံယူခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်ကာလပြောင်းလဲ လာတာနဲ့အမျှ နောက်မျိုးဆက်တွေကတော့ ပါးရဲထိုးရမှာကို မနှစ်သက်ကြတော့သလို ရှက်စရာအဖြစ် ခံယူလာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။