Home
မြန်မာသတင်း
မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုမြင်ကွင်းများ
DVB
·
November 3, 2018
45390857_1390124071124576_7526909793735278592_n
45342210_1390124001124583_3168993309561454592_n
45335677_1390124164457900_2307614442705125376_n
45312657_1390124197791230_4591663108526702592_n
45309871_1390123851124598_2131907863201710080_n
45241717_1390124127791237_795248559615115264_n
45220855_1390123911124592_8639446034390450176_n
45216856_1390123934457923_5408130245398102016_n
  မြင်းခြံမြို့နယ်မှာ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက် မဲရုံတွေကို ဒီနေ့မနက်​ ၆ နာရီ စတင်​ဖွင့်လှစ်ခဲ့ပြီး ​ အမှတ်​ ၂ ရပ်​ကွက်​ မဲရုံ အမှတ်​ ၃ မှာ မဲ​စတင်ပေးနေကြပြီဖြစ်ပါတယ်။ မြင်းခြံမြို့နယ်​မှာ​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၀၀၀၀ ​ကျော်​ရှိပြီး၊ မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်​ပါတယ်​။ မြင်းခြံမြို့နယ်​မှာ လစ်​လပ်​​နေရာ ဖြစ်​တဲ့ ပြည်​သူ့လွှတ်​​တော်​ ၁ ​နေရာအတွက်​ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ လူ့​ဘောင်​သစ်​ ဒီမိုကရက်​တစ်​ပါတီ၊ ပြည်​သူ့အလုပ်​သမားပါတီတို့ ဝင်​​ရောက်​ယှဉ်ပြိုင်​ အ​ရွေးခံသွားမှာလည်း ဖြစ်​ပါတယ်​။ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ လစ်​လပ်​ ၁၃ ​နေရာအတွက်​ နိုင်​ငံ​ရေးပါတီ ၂၄ ခုမှ ၆၂ ဦးနဲ့ တစ်​သီးပုဂ္ဂလကိုယ်​စာလှယ်​​လောင်း ၇ ဦး၊ စုစု​ပေါင်း ၆၉ ဦး ယှဉ်​ပြိုင်​မှာဖြစ်​ပြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ တါတီတည်းသာ​ ​နေရာအပြည့်​ ယှဉ်ပြိုင်​သွားမှာလည်း ဖြစ်​ပါတယ်​။ သတင်းဓာတ်ပုံ - ရီရီထွန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024