Home
မြန်မာသတင်း
မဲဆောက်တွင် တရားမ၀င်ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
November 1, 2018
Maespt1
images
ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် နိုင်ငံအတွင်းနဲ့  မြန်မာနယ်စပ် မဲဆောက်မြို့နယ်ရှိ ဒေသ ၆ ခုမှာ နေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၃ ဦး ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ တရားမ၀င်နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေထဲမှာ အမျိုးသမီးအယောက်  ၁၂၀၊ အမျိုးသား ၂၀၁ ဦးနဲ့ နေထိုင်ခွင့်သက်တမ်းကျော်လွန်သူ ၂ ဦး ပါဝင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက်  နေထိုင်ခွင့်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်းရှင်ရဲ့ အာမခံမရှိသူတွေကို တလကို နှစ်ကြိမ်စစ်ဆေးပြီး ဖမ်းဆီးသွားမယ်လို့ တာ့ခရိုင် လ၀ကဌာန  ဒါရိုက်တာ ဗိုလ်မှူးချုပ် မင်းလတနပထိက ပြောပါတယ်။ ဒီကနေ့ စစ်ဆင်ရေးပြုလုပ်ဖမ်းဆီးရာမှာ လူလူချင်း စာနာမှုတွေနဲ့ အကြမ်းမဖက်ဘဲ သိမ်မွေ့စွာဖမ်းဆီးဖို့နဲ့ သူတပါးအိမ်ထဲကို ၀င်တဲ့အခါမှာ ဖိနပ်ချွတ်ပေးတာတွေလုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း သတိပေးမှာကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ  MOU နဲ့ နယ်စပ်အလုပ်လုပ်ပိုင်ခွင့် လက်မှတ်ရထားသူတွေရော အထောက်အထားမဲ့  တရားမ၀င်နေထိုင် အလုပ်လုပ်နေကြသူတွေပါ ရှိနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024