Homeမြန်မာသတင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် ဖုယွင်စက်ရုံ အလုပ်သမားများ ချီတက်ဆန္ဒပြ
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် ဖုယွင်စက်ရုံ အလုပ်သမားများ ချီတက်ဆန္ဒပြ
DVB
·
October 29, 2018
ရက်ပေါင်း၆၀ကျော် သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ဖုယွင်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့တွေ့ဆုံဖို့ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံကနေ တိုင်းအစိုးရအဖွဲ့ရုံးကို ဒီကနေ့မနက်က လမ်းလျှောက်ချီ တက်နေကြပါတယ်။
လက်ရှိမှာဖုယွင်စက်ရုံရှေ့ သပိတ်စခန်းကိုပိတ်သိမ်းလိုက်ပြီး ၀န်ကြီးချုပ်နဲ့တွေ့ရင် ဖုယွင်စက်ရုံရဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်လို့ အလုပ်မားခေါင်းဆောင် မသက်ထားဆွေက ပြောပါတယ်။
လက်ရှိမှာဖုယွင်စက်ရုံရှေ့ကသပိတ်စခန်းကိုပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့လည်းအလုပ်သမားခေါင်းဆောင်မသက်ထားဆွေကပြောပါတယ်။
ဝန်ကြီးချုပ်ကတွေ့ခွင့် မပေးရင်တော့ အစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်း ဖွင်ဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ ပါတီဌာနချုပ်က ကျင်းပတဲ့ ၀ါကျွတ်ကန်တော့ပွဲ အခမ်းအနားကို ရောက်ရှိနေပါတယ်။
ချီတက်ဆန္ဒပြပွဲမှာ အလုပ်သမား အမျိုးသမီးနဲ့ အမျိုးသားအယောက် ၁၀၀ လောက်နဲ့ ၀န်းရံသူတွေ လိုက်ပါလာခဲ့ကြပါတယ်။