ဟုမ္မလင်းမြို့တွင် အင်အား ၄.၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
October 27, 2018
ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၃ နာရီ၊ ၁၉ မိနစ်၊ ၅၂ စက္ကန့် အချိန်က ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၇ ဒီဂရီ၊ အနက် ၉၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။