Homeမြန်မာသတင်း
သတင်းကျွတ်ကာလ မုန်တိုင်းဖြစ်နိုင်သဖြင့် ပင်လယ်ကမ်းခြေသွားမည့်သူများကို ဦးထွန်းလွင် သတိပေး
သတင်းကျွတ်ကာလ မုန်တိုင်းဖြစ်နိုင်သဖြင့် ပင်လယ်ကမ်းခြေသွားမည့်သူများကို ဦးထွန်းလွင် သတိပေး
DVB
·
October 19, 2018
သီတင်းကျွတ်လပြည်နေ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းဖြစ်ဖို့ ရှိနေပြီး ပင်လယ်ကမ်းခြေ သွားလာကြမယ့်သူတွေ သတိထားသွားလာကြဖို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ နှိုးဆော်ထားပါတယ်။
အောက်တိုဘာ ၂၃-၂၄ ရက် (သီတင်းကျွတ်လပြည့် အဖိတ်နေ့နဲ့ လပြည့်နေ့) တွေမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ အရှေ့လေပွေလှိုင်းတခုဖြတ်သန်းလာမှုကြောင့် ချောင်းသာ-ငွေဆောင်-ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတ၀ိုက် မုန်တိုင်းတခု ကမ်းတလျှောက် ရွေ့လျှားသွားနိုင်တယ်လို့ ဆိုပါတယ်။
ခန့်မှန်းချက်အရတော့ အောက်တိုဘာ ၂၄ ရက်နေ့ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ ရှိနေတယ်၊ ဒါကြောင့် ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေ ခရီးသွားတွေ သတိထားသွားလာကြဖို့ နှိုးဆော်ပါတယ်။