မောင်တောတွင် ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
October 12, 2018
မောင်တောမြို့နယ်မှာ ကာလတန်ဖိုး သိန်းပေါင်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ ဘဂါင်္လီ ၃ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းအုပ်စု ကျွန်းတောင်ရွာဟောင်းမှာ ဘင်္ဂါလီလူမျိုး (၄) ဦး ရှိနေကြောင်း သတင်းအရ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းက သာယာကုန်းကျေးရွာ နယ်ခြားစောင့်ရဲ ကင်းစခန်း တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာ ၁ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ဘဂါင်္လီလူမျိုး ၃ ဦးကို WY စိတ်ကြွဆေးပြား ၅၈၁၈၅ နဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကတော ငါးစားကြူးကျေးရွာမှာ နေထိုင်တဲ့ ဗိုက်တူလာ (၁၉) နှစ်၊ အီစ္စလာန် (၂၀) နှစ်နဲ့ အာယာစ် ၂၀ နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိသူ ဘဂါင်္လီ (၃) ဦးအား တောင်ပြိုလက်ယာနယ်ခြားစောင့်ရဲစခန်းမှာ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
မောင်တောမြို့နယ်အတွင်း ၂၀၁၈ ခု ဇန်န၀ါရီ ၁ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့ထိ မူယစ်ဆေးစုစုပေါင်း ၁၈၂၆၄၄၀၈ ပြားနဲ့ စိတ်ကြွဆေးမှုန့် ၅၆၇ ဂရမ်၊ ဆေးခြောက် ၃၁၅.၅၉ ဂရမ် ဖမ်းဆီးမိခဲ့ပြီး၊ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၀၀ နဲ့ ဖမ်းဆီးအရေးယူထားတဲ့ တရာခံစုစုပေါင်း ကျား ၁၁၁ ဦး၊ မ ၂၃ ဦး၊ စုစုပေါင်း ၁၂၄ ဦးရှိကြောင်း မောင်တောခရိုင်မူးယစ်အထူးတပ်ဖွဲ့စု ၄၆ မှ သိရပါတယ်။