ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်သဖြင့် လူ ၂ ဦးသေဆုံး
DVB
·
October 11, 2018
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ မိုးကြိုပစ်လို့ လူ ၂ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်အချိန် သုံးခွမြို့နယ်၊ ထွန်းစိန် ကျေးရွာနေ ဦးဇော်ဌေး (၄၀) နှစ်ဟာ ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းထွက်ဖို့ ပြင်ဆင်နေစဉ် မိုးကြိုး ပစ်တဲ့အတွက် ဝဲချိုစောင်း၊ နဖူး၊ နားသွေးထွက်၊ လက်ပြင်၊ ဝမ်းဗိုက်ညိုမည်း ပွန်းပဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ညနေ ၃ နာရီအချိန်မှာလည်း ကွမ်းခြံကုန်းမြို့နယ်၊ တော်လန်းကျေးရွာနေ ဒေါ်ညို (၆၄) နှစ်ဟာ သူနေအိမ်မှာထိုင်နေစဉ် မိုးကြိုးပစ်တဲ့အတွက် နဖူး၊ ဝဲပါးညိုမည်း ဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒေါ်ညိုကို ဒရယ်လူးတိုက်နယ်ဆေးရုံနဲ့ ဦးဇော်ဌေးကိုလည်း သုံးခွဆေးရုံတွေကို အသီးသီးပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွေက သေမှုသေခင်းအမှတ်စဉ် (၂၄/၂၀၁၈)နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။