Homeမြန်မာသတင်း
Eleven သတင်းဌာနကို ရဲက ၀င်ရောက်ရှာဖွေ၊ အယ်ဒီတာပါ ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်
Eleven သတင်းဌာနကို ရဲက ၀င်ရောက်ရှာဖွေ၊ အယ်ဒီတာပါ ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်
DVB
·
October 10, 2018
Eleven သတင်းဌာနက သတင်းထောက်နဲ့ အယ်ဒီတာအပါအဝင် ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပြီး အောက်တိုဘာ ၉ ရက်နေ့ ည ၇ နာရီလောက်မှာ ရန်ကုန် Eleven ရုံးကို တာမွေရဲစခန်းက ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ Eleven အမှုဆောင်အယ်ဒီတာ ကိုဦး (သင်္ချာ) က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရုံးချိန်မဟုတ်တဲ့အတွက် အမှုဖွင့်ခံထားရတဲ့ ကိုဖြိုးဝေဝင်း၊ ကိုကျော်ဇောလင်းနဲ့ နရီမင်းကိုတော့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Eleven သတင်းဌာနနဲ့ ရဲတပ်ဖွဲ့တို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ညိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။
လူမှုကွန်ရက်တွေမှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ကျောင်းကားကိစ္စကို ဆောင်းပါးရေးသားမှုကြောင့်လို့ ပျံ့နှံ့နေပေမယ့် Eleven သတင်းဌာနကတော့ ဒါကို အတည်မပြုထားပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာမွေရဲစခန်းက ရဲမှူးသိန်းဝင်းကို အောက်တိုဘာလ ၉ ရက်နေ့ညက ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။