လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
October 8, 2018
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာ ဆက်လက်တည်ရှိနေပါတယ်။