Homeမြန်မာသတင်း
စက်သုံးဆီဈေးမြင့်တက်မှုထိန်းချုပ်ရန် ဒုသမ္မတဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေး
စက်သုံးဆီဈေးမြင့်တက်မှုထိန်းချုပ်ရန် ဒုသမ္မတဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေး
ပြည့်ဖြိုးကျော်
·
October 6, 2018
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ အစိုးရနဲ့ လုပ်ငန်းရှင်တွေ နှစ်ဘက် အထူးကိစ္စရပ်အနေနဲ့ နည်းလမ်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။
ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ အကြိမ် ၂၀မြောက် ပြုလုပ်တဲ့ ဒီကနေ့မနက် ဆွေးနွေးပွဲမှာ ၀န်ကြီးချုပ်ကပြောသွားတာပါ။
လက်ရှိမှာဒေါ်လာဈေးကျဆင်းသွားပေမယ့် စက်သုံးဆီဈေးတွေကတော့ ကျမလာဘဲ ဆက်လက် မြင့်တက်နေဆဲဖြစ် တာကြောင့် စက်သုံးဆီဈေးကို ယာယီထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှာဖွေဆွေးနွေးနေကြတာပါ။
ဒေါ်လာဈေး တက်တာကြောင့် စက်သုံးဆီဈေးဟာ ကာလတူ အရင်နှစ်ကထက် တစ်ဂါလံကိုတစ်ဆကျော်လောက်ဈေးတက်လာပြီး ဒီဇယ်ရောဓါတ်ဆီပါ တစ်ဂါ လံကို ကျပ် ၁၄၀၀ ကျော်အထိ ဈေးပေါက် နေပါတယ်။
လက်ရှိမှာအစိုးရက စက်သုံးဆီတချို့ကို ထုတ်ရောင်ပြီး ဆီဈေးကျအောင် လုပ်ဆောင်တာတွေလည်းရှိပါတယ်။
စက်သုံးဆီကိစ္စကို အထူးကိစ္စအဖြစ်သီးသန့် ပြန်လည်ပြီး အစည်းအဝေး ထိုင်ဆုံးဖြတ်သွားမယ်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ လုပ်ငန်းရှင်တစ်ဦးက ဖြစ်သူ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်ယန္တယားသုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေတာကြောင့် နိုင်ငံတကာကနေ လစဉ်စက်သုံးဆီ ဂါလံတစ်သန်းဝန်းကျင်လောက် တင်သွင်းနေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ပြည်ပကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀နီးပါးလစဉ်စက်သုံးဆီ ၀ယ်ယူနေရတာ ဟာ ဒေါ်လာဈေးမြင့်တက်စေတဲ့အကြောင်းရင်းတခုအနေနဲ့ ပါဝင်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောထားပါတယ်။
ဓာတ်ပုံ- Dr Soe Tun