ဘင်္ဂါလီ ၇ ဦးကို အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ပြန်ပို့
DVB
·
October 5, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အိန္ဒိယနယ်စပ်ဝင်ထွက်ဂိတ်ကနေ မြန်မာနိုင်ငံသား ဘင်္ဂါလီ ၇ ဦးကို အိန္ဒိယအာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေထံ အောက်တိုဘာ ၄ ရက်က တရားဝင်လွဲပြောင်း ပေးအပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လို့ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂါလီ ၇ ဦးဟာ မုံရွာကို အောက်တိုဘာ ၅ ရက်နေ့ကရောက်ရှိလာခဲ့ပြီး မုံရွာကတဆင့် မန္တလေး၊ မန္တလေးကနေ မူလနေရပ် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို ပြန်ပို့သွားမယ်လို့ စစ်ကိုင်းတိုင်း လဝက ရုံးက သိရပါတယ်။
အိန္ဒိယအစိုးရက သူတို့ကို ၂၀၁၂ ခုနှစ်ကတည်းက အာသံပြည်နယ်၊ ဆဲက်ချားခရိုင်က ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
သူတို့ကို မြန်မာနိုင်ငံသားတွေလို့ စိစစ်တွေ့ရှိရတဲ့အတွက် အိန္ဒိယတရားရုံးကနေ မြန်မာပြည်ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်နိုင်ငံအစိုးရချင်း ဆက်သွယ်ကာ အိန္ဒိယ-မြန်မာ နယ်စပ်ကနေ မနေ့က ပြန်လည်လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။
အခုလို လွှဲပြောင်းတာဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ခွင့် ဂိတ်ကို တရားဝင်ဖွင့်လှစ်ပြီး နှစ်လကျော်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသား တရား ဝင်လွှဲပြောင်းတာလည်းဖြစ်ပါတယ်။