မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော် မဲဆောက်တွင် ဖမ်းဆီးခံရ
DVB
·
October 3, 2018
ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့၊ မဲ့ကစာတိုက်နယ်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၃၃ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၃ရက် မနက်က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့၊ လ၀က၊ နယ်စပ်ရဲ၊ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ နေအိမ်တွေကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရှိသူ ၆၉ ဦး၊ အထောက်ထားမရှိသူ ၅၈ ဦးနဲ့ နေထိုင်ခွင့် သက်တမ်းကုန်သူ ၆ ဦးတို့ ပါဝင်ပါတယ်။
သတင်း - ဖိုးစီ