Home
မြန်မာသတင်း
၎ လအတွင်း ဘင်္ဂလားဒေ့ရှ်ကို ကျွဲ၊ နွား အကောင်၂၅၀ ကျော် တရားဝင်တင်ပို့
DVB
·
September 30, 2018
cown
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ၄ လအတွင်း ကျွဲ နွားအကောင်ရေ ၂၅၅ ကောင် တင်ပို့ခဲ့တယ်လို့ ပြည်နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနကပြောပါတယ်။ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းနိုင်က “၄ ရက် ၆ လ၊၂၀၁၈ ခုနှစ်ပိုင်းမှာ အကောင် ၁၀၀၊ ၃၀ ရက် ၈ လမှာ နွားအကောင် ၁၀၀၊ ၁၉ ရက်နေ့ ၉ လပိုင်းမှာ နွားအကောင် ၅၅ ကောင် အားလုံးပေါင်း၂၅၅ ကောင်ပို့ပြီးဖြစ်ပါတယ်။ ကျန်တဲ့ ထပ်ပို့ဖို့ဆိုတာကတော့ ကုမ္ပဏီတွေရဲ့ သူတို့ရဲ့အခြေအနေအပေါ်မှာ မူတည်ပြီး ပို့သွားမယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ အောက်တိုဘာကစလို့ ကျွဲ၊ နွား၊ ဆိတ်၊ သိုး တိရစ္ဆာန်တွေကို တရားဝင်တင်ပို့ သွားလာခွင့် စမ်းသပ် ကာလတနှစ်ကို နိုင်ငံတော်ကခွင့်ပြုထားပြီး ရခိုင်ပြည်နယ်မှာ အခုနှစ် ဇွန်လပိုင်းကစလို့ ဘင်္ဂလားဒေ့ရှ်ကို ကျွဲ၊ နွား၊ ဆိတ်၊ သိုး တိရစ္ဆာန်တင်ပို့မှု ရရှိထားတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ကုန်သည်ခွန်အနေနဲ့ ၂ ရာခိုင်နှုန်း သတ်မှတ်ထားပြီးတော့၊ တကောင်ကို နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၂၀၀ သတ်မှတ်ပါတယ်။ ကျွဲနွားတင်ပို့တဲ့အခါမှာ အသက်အရွယ်တွေကတော့ အထီးဆိုလို့ ရှိရင် ၅ နှစ်အထက်ပေါ့။ ဒါပေမယ့် သန်းကွက်ပြီးသားဖြစ်ရမယ်။ အမကိုတော့ သယ်ခွင့်မပြုပါဘူး”လို့ ပြောပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျွဲ၊ နွား၊ ဆိတ်၊သိုး တွေ နိုင်ငံခြားကို တင်းပို့လိုက်ရတာဖြစ်ပြီး အခုနှစ်အတွင်း မြန်နိုင်ငံက တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွဲ၊ နွား၊ ဆိတ်၊ သိုး အကောင် ၁၅၀၀၀၀ ကျော်ပြီလို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကျွဲနွားတွေကို ဘင်္ဂလာဒေ့ရှ်တင်ပို့နေတာ ကုမ္ပဏီ နှစ်ခုရှိပြီး မာန်အောင်မြို့နယ်မှာ အခြေပြုတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကျွဲ၊ နွား၊ ဆိတ်၊ သိုး တိရစ္ဆာန်တွေကို တရားမဝင်လမ်းကြောင်းကနေ တင်ပို့နေတာတွေရှိပြီး အခုနှစ်အတွင်း ဖမ်းဆီးရှိမှုတွေလည်း အများအပြားရှိနေပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024