မောင်တောတွင် အသုံးလုံးသင်ကြားရေးနှင့် အဝေးသင်တက္ကသိုလ်ဌာနခွဲများ ဖွင့်လှစ်မည်
DVB
·
September 20, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အသုံးလုံး သင်ကြားဖို့နဲ့ အဝေးသင်တက္ကသိုလ်ဌာနခွဲတွေ ဖွင့်လှစ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မောင်တောမြို့နယ်မှာ နေ့စားလပေး ပညာရေးဝန်ထမ်းတွေ ခန့်ထားနိုင်ရေး၊ အဝေးသင် တက္ကသိုလ်ခွဲ ဖွင့်လှစ်သင်ကြားနိုင်ရေးနဲ့ သက်ကြီးပညာမတတ်သူတွေ ပပျောက်ရေး အကောင် အထည်ဖော်ဆောင်နိုင်မယ့် အခြေအနေတွေကို အစိုးရ တာဝန်ရှိသူတွေ စက်တင်ဘာ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး ပညာရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတာပါ။
မောင်တောခရိုင်အတွင်း သက်ကြီးပညာမတတ်သူ ပပျောက်ရေးအတွက် အသုံးလုံးလို ပြင်ပ ပညာရေးသင်ကြားနိုင်ရေး မောင်တောခရိုင်မှ ဘဂါင်္လီ အဝေးသင်ကျောင်းသားတွေ အတွက် ဘူသီးတောင်မှာ အဝေးသင်တက္ကသိုလ်ဌာနခွဲ တခု၊ မောင်တောမှာ ဌာနခွဲတခု ဖွင့်လှစ်ပြီး လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလပတ် စာမေးပွဲတွေအတွက် အနီးကပ် သင်တန်းပို့ချနိုင်ရေးနဲ့ စာမေးပွဲးဖြေဆိုနိုင်ရေး မောင်တောခရိုင်အတွင်း နေ့စားလပေး ဘဂါင်္လီ ကျောင်းဆရာတွေ ခန့်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဦးရဲလင်းမြင့်နဲ့ စစ်တွေ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဦးဝင်နိုင် တို့နဲ့အတူ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်တို့ ပါဝင်ခဲ့ကြပါတယ်။
မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “တိုင်းရင်းသား ကျောင်းဆရာ ဆရာမတွေ သွားရမှာ အန္တရာယ်များတဲ့ ဘဂါင်္လီကျေးရွာတွေမှာ နေစားလပေး ဘင်္ဂါလီကျောင်း ဆရာတွေ ခန့်ထားပေးသင့်ပြီး မောင်တောမြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင် တက္ကသိုလ်ခွဲမှာလည်း မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာအပြင် တခြား ဘာသာရပ်တွေကိုပါ ထည့်သွင်းပေးစေလိုကြောင်းနဲ့ သက်ကြီး ပညာမတတ်သူများ ပပျောက်ရေးအတွက် အသုံးလုံး လို ပြင်ပပညာရေး သင်ကြားပေးနိုင်ပါတယ်”လို့ တင်ပြခဲ့ပါတယ်။
မောင်တောခရိုင်အတွင်း ဘင်္ဂါလီလူမျိုး ဘွဲ့ရတွေကို နေ့စားလပေး ကျောင်းဆရာ ခန့်ထားနိုင်ဖို့ ဘူးသီးတောင်မြို့နယ်မှာ လျှောက်ထားသူ ၆၀၀ ကျော်ပြီး မောင်တောမြို့နယ်မှာ ၃ဝဝ ကျာ် ရှိကာ အသက်အကန့်သတ်မရှိဘူး လို့ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
မောင်တောခရိုင်အတွင်း အဝေးသင်တက္ကသလိုလ် ဒုတိယအသုတ် အနီးကပ် သင်တန်းကို အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး စာမေးပွဲကိုတော့ အောင်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလာမယ့် စာမေးပွဲမှာ ဖြေဆိုမယ့် ကျောင်းသား ၂ ယောက်သာရှိပြီး တတိယအသုတ်မှာတော့ ကျောင်းသားကျောင်းသူ ၂ဝဝ ကျော်ဖြေဆိုမယ်လို့ စစ်တွေ တက္ကသိုလ်ပါမောက္ခချုပ်က ပြောပါတယ်။
တတိယအသုတ် အနီးကပ်သင်တန်းတွေ နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၁၄ ရက်နေ့ အထိ သင်ကြားမှာဖြစ်ပြီး စာမေးပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ဘူးသီးတောင်မြို့မှာ ၁၇ဝ ဦးနဲ့ မောင်တောမြို့မှာ ၄၁ ဦးရှိတယ်လို့ သိရပါတယ်။
မောင်တောမြို့နဲ့ ဘူသီးတောင်မြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်မှာ မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာ ၂ ခုတည်းသာ သင်ကြားဖြေဆိုရမှာဖြစ်ပြီး ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ပေါ့မောက္ခ ဆရာ ဆရာမတွေလည်း လာရောက်သင်ကြားမယ်လို့ သိရပါတယ်။
ဗညား