Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားလူမှုကွန်ရက်စာမျက်နှာ ဗီကေအကောင့် ထပ်မံပိတ်ခံရ
ပိုင်စိုး
·
September 18, 2018
Senior General Min Aung Hlaing
ရုရှားလူမှုကွန်ရက်ဖြစ်တဲ့ ဗီကေမှာဖွင့်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို ဗီကေကုမ္ပဏီက ပိတ်ပစ်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး အပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေကို အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပိတ်ပင်ခဲ့ပြီး နောက်ပိုင်း ရုရှားလူမှုကွန်ရက်ဖြစ်တဲ့ ဗီကေမှာ အကောင့်သစ်တွေ  ဖွင့်လှစ်လာတာပါ။ ဗီကေမှာလည်း စက်တင်ဘာ ၁၅ ရက်ဝန်းကျင်က ကာကွယ်ရေးဦးစီးချုပ်ရဲ့  https://vk.com/seniorgeneralminaunghlaing ဗီကေအကောင့် ပိတ်ခံရပြီးနောက် https://vk.com/sgmah အကောင့်တခု ထပ်ဖွင့်လှစ်ထားတာကို မနေ့က တွေ့ခဲ့ရပေမယ့် ဒီနေ့မှာတော့ ထပ်မံပိတ်သိမ်းခံလိုက်ရပါတယ်။ အခုတော့ သူ့ရဲ့ အကောင့်နှစ်ခုလုံးမှာ စည်းကမ်းချိုးဖောက်လို့ ပိတ်ထားတယ်ဆိုတဲ့ စာသားကိုပဲ တွေ့မြင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024