ဘားအံထောင်မှထွက်ပြေးသွားသူများကို ကူညီစုံစမ်းဖမ်းဆီးပေးရန် ရဲက မေတ္တာရပ်ခံ
DVB
·
September 17, 2018
ဘားအံအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ကူညီစုံစမ်းဖမ်းဆီးပေးဖို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဘားအံအကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေ ပြန်လည် ဖမ်းဆီးရမိဖို့အတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေတာ ပိတ်ဆို့စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။
ကရင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မိတ်ဘက်အဖွဲ့အစည်း တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး စုံစမ်းရှာဖွေ ပိတ်ဆို့စစ်ဆေး ဆောင်ရွက် လျက်ရှိရာ ဓာတ်ပုံထဲဖော်ပြထားတဲ့ အကျဉ်းသားနဲ့ အချုပ်တရားခံတွေကို ကူညီစုံစမ်းဖမ်းဆီးဖို့ ဒါးမှမဟုတ် သတင်းပေးဖို့ ရဲက မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ စက်တင်ဘာ ၁၆ ရက်မနက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်ထဲကနေ အကျဉ်းသား ၁၄ ယောက်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။