ကော့သောင်းတွင် မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းမိ
DVB
·
September 8, 2018
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ကား နဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းမူးယစ်တပ်ဖွဲ့စု (၃၄) မှ ဒုရဲအုပ်သက်နိုင်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က WY မူးယစ်ဆေးဝါး ၄၂ ပြားဖမ်းဆီးရမိတဲ့ သူတဦးရဲ့ ထွက်ဆိုချက်တွေအရ မူးယစ်ဆေးဝါးနဲ့ စပ်ဆက်နေသူတွေကို လိုက်လံရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့ပါတယ်။
အဲဒီလို မူးယစ်ဆေးဝါးကွင်းဆက်တွေကို လိုက်လံဖော်ထုတ်ပြီးတဲ့နောက် မူးယစ်ဆေးဝါးနဲ့ စပ်ဆက်နေသူ ၄ ဦးကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
စုစုပေါင်း WY မူးယစ်ဆေး ၃၅ဝ ပြား၊ ဘိန်းစာမှုန့် ၅ဝ ဂရမ်တထုပ်၊ လိုင်စင်မဲ့ကား ၂ စီးနဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၄ စီး၊ ငွေ သိန်း ၈ဝ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါနဲ့အတူ လက်ဝယ်တွေရှိသူတွေကို ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူက တရာလိုပြုလုပ်ပြီး အမှုဖွင့်အရေးယူထားပါတယ်။