ယူကရိန်း နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဘူတာရုံတွင် ထူးထူးခြားခြား ဖက်ရှင်ရှိုး ကျင်းပ
DVB
·
September 3, 2018
ယူကရိန်းနိုင်ငံက နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတဦးဟာ စက်တင်ဘာ ၂ ရက်နေ့ကလုပ်တဲ့ သူ့ရဲ့ ၂၀၁၉ နွေရာသီ ဖက်ရှင်ရှိုးကို မြို့တော်ကိယက်ဗ်ရှိ ဘူတာရုံကြီးမှာ ထူးထူးခြားခြား ကျင်းပခဲ့ပါတယ်။
ဒီ့အတွက် နောက်ခံရထားတွဲတွေဟာ မော်ဒယ်တွေ အလှပြင်ရာနဲ့ အဝတ်အစားလဲရာ နေရာ ဖြစ်ခဲ့ပြီး ရထားလမ်းတွေအစား Cat-Walk လျောက်လမ်းတခုကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီရှိုးပွဲကို ယူကရိန်းဒီဇိုင်နာ ဂျန်းဟရီစ်ဖဲ့လ်က ပြုလုပ်တာဖြစ်ပြီး အရောင်အသွေး တောက်ပတဲ့ သူ့ရဲ့ နွေဦးနဲ့ နွေရာသီလက်ရာတွေကို မြင်တွေ့ကြရပါတယ်။
မော်ဒယ်အားလုံးဟာ ရထားတွဲတခုထဲကနေ ထွက်လာပြီးတဲ့နောက် ပရိသတ်ကြည့်ရှုနေတဲ့ Cat-Walk လျှောက်လမ်းပေါ်မှာ အလှပြခဲ့ကြပါတယ်။
ဒီဇိုင်နာ ဟရီစ်ဖဲ့လ်ဟာ ၂၀၁၈ ဆောင်းရာသီ ဖက်ရှင်ရှိုးကိုတော့ ရေခဲပြင်အလှစီး အားကစားကွင်းတခုမှာ ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။