ပြည်သူ့ပါတီကို ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ခွင့်ပြု
DVB
·
August 24, 2018
ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ ပြည်သူ့ပါတီ (The People’s Party ) ကို သြဂုတ် ၂၃ ရက်ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နဲ့ အညီမှတ်ပုံတင်ခွင့်ပြုလိုက်တာလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ရှစ်လေးလုံးပါတီဆိုပြီး လျှောက်ခဲ့ ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ထပ်မံaလျှာက်ခဲ့ ပါတယ်။
ဒါပေမယ့် ရှစ်လေးလုံးပြည်သူ့ပါတီကိုလည်း ကန့်ကွက်မှုတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရလို့ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ ပြည်သူ့ပါတီအနေနဲ့ အမည်ပြောင်းလဲကာ ခွင့်ပြုမိန့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ကျဖို့အတွက် ကန့်ကွက်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပါဘူး။