မန္တလေးထောင်တွင် အကျဉ်းသားများကို ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးနေ
DVB
·
August 16, 2018
မန္တလေးဗဟိုအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေကို ကွန်ပျူတာသင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ အကျဉ်းဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သြဂုတ် ၁၃ရက်က မန္တလေးထောင်ရှိ အ.ထ.က(၂၅) တန်းခွဲ စာသင်ကျောင်းဆောင်မှာ ကွန်ပျူတာသင်တန်းတတ်ရောက်လိုတဲ့ အကျဉ်းသား(၁၂) ဦးအတွက် ကွန်ပျူတာ(၁၃)စုံနဲ့ ကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁)ကို တာဝန်ခံအရာရှိက ဦးစီးကျင်းပတာပါ။
အကျဉ်းဦးစီးဌာနအနေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူတွေကို အတန်းပညာ သင်ကြားပေးတာ၊ ၀ါသနာပါရာ အသက်မွေးမှုအတတ်ပညာတွေကို ဌာနအစီအစဉ်နဲ့ရော မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ပါ ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-အကျဉ်းဦးစီးဌာန