မုံရွာမြို့တွင် ရှစ်လေးလုံး နှစ် ၃၀ ပြည့် အထိမ်းအမှတ် ခွပ်ဒေါင်းအလံများ လွှင့်ထူ
Aung Ko Latt
·
August 7, 2018
ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားကို မုံရွာမြို့ခံ နိုင်ငံရေးအင်အားစုတွေက မုံရွာ မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ အကြိုအဖြစ် မြို့တော်ခန်းမရှေ့မှာ ခွပ်ဒေါင်းအလံ ၁၄ လက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသာတွေ စုပေါင်းပြီး အလံတင် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
မနက်ဖြန်မှာလည်း မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ရှစ်လေးလုံး အမှတ်တရ ပြကွက်တွေ၊ သရုပ်ဖော်မှုတွေ၊ အတွေ့အကြုံ ဟောပြောမှုတွေနဲ့ စည်စည်ကားကား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားတွေကို တနိုင်ငံလုံးမှာလည်း စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။