ဒီမိုကရေစီနှစ် ၃၀ ခရီး ခေါင်းစဉ်ဖြင့် ဆွေးနွေး (ဓာတ်ပုံ)
DVB
·
August 6, 2018
ဖြတ်သန်းလာတဲ့ ကာလမှာ တောင်းဆိုချက်တွေထဲက ဘာတွေရခဲ့ပြီလဲ၊ ဘာတွေ ကျန်သေးလဲဆိုတာကို ဒီမိုကရေစီနှစ် ၃၀ ခရီး ခေါင်းစဉ်နဲ့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ဆွေးနွေးနေကြပါတယ်။
ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသအသီးသီးက ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေ ဆွေးနွေးနေကြတာပါ။
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ပြုလုပ်နေပြီး ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ် စတဲ့ ခေါင်းစဉ် ၃ ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။