အာဖဂန် ဗလီတခုကို အသေခံဗုံးခွဲ၊ ၂၉ ဦး သေဆုံး
DVB
·
August 4, 2018
အာဖဂန်နစ္စတန်နိုင်ငံမှာ သြဂုတ်လ ၃ ရက်နေ့က ရှီးယိုက် ဗလီတခုကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၈ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးအများအပြား ပါဝင်တယ်လို့ သိရပါတယ်။ ပက်ရှာပြည်နယ် ဂါဒက်ဇ်မြို့ရှိ ရှီးယိုက်ဗလီကို ခြုံထည်ဝတ် အမျိုးသားနှစ်ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။
အခုတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို တခြားအဖွဲ့တွေကလည်း တာဝန်ခံတာ မရှိပါဘူး။